သွေးတိုးရောဂါဖြစ်လျှင်

ရှောင်ရန် ❌ ဆေးလိပ်ဖြတ်ပါ။❌ အရက်ဖြတ်ပါ။❌ အဝမလွန်အောင် ထိန်းသိမ်းပါ။❌ စိုးရိမ်ပူပန်မှု၊ စိတ်သောကဖိစီးမှုမှန်သမျှ လျှော့ချပါ။❌ အဆီအအိမ့်များသောအစားအစာများဖြစ်သည့် ဝက်သား၊ ထောပတ်၊ မလိုင်၊ ပြည့်ဝဆီ ပါဝင်မှုများသော စားအုန်းဆီနှင့် ပြောင်းလဲဆီ(Trans fat) ပါဝင်သော ဆီကြော်မုန့်မျိုးစုံတို့ကို ရှောင်ပါ။ ❌ အငန်ဓာတ်များသောအစားအစာများဖြစ်သည့် ငါးပိရည်၊ ငံပြာရည်၊ ငါးပိကြော်၊ ငါးခြောက်၊ဆားနယ်ထားသောအစားအစာများ၊ အိမ်သုံးဆား၊ လျက်ဆားနှင့်အချိုမှုန့်စသည်တို့ကို ရှောင်ပါ။ ❌ ဆော်ဒါနှင့်ပြုလုပ်ထားသောခေါက်ဆွဲ၊ အီကြာကွေး၊ ပဲပြုတ်၊ ဘိန်းမုန့်၊ ကိတ်မုန့် စသည်တို့ကို ရှောင်ပါ။ ❌ ဝမ်းမချုပ်အောင် နေထိုင်ပါ။ ဆောင်ရန် ✅ နေ့စဉ်နံနက်တိုင်း မိနစ်(၃၀) ခန့်လမ်းလျှောက်ပါ။ အသက်ရှုလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။ Taichi, Yoga, Pilate လုပ်နိုင်သည်။ ✅ ညအိပ်ယာဝင်ခါနီးContinue reading “သွေးတိုးရောဂါဖြစ်လျှင်”

မိတ်ဆက်

ဒီဘလော့လေးထောင်ဖြစ်တဲ့ ရည်ရွယ်ချက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေ ဖြန့်ဝေချင်တာဖြစ်ပြီး ကိုယ်ရဲ့စာရေးချင်တဲ့ဝါသနာကိုလည်း အာသာဖြေတာဖြစ်ပါတယ်။ စိတ်ဝင်စားမဲ့ အကြောင်းအရာလေးတွေကို ရှာဖွေရေးသားသွားပါမယ်။ နိုင်ငံခြား ဘာသာပြန်လေးတွေလည်း ပါပါမယ်။ မကြာမကြာ လာလည်ဖတ်ရှုပေးကြဖို့လည်း မျှော်လင့်ပါတယ်။ အားလုံးလည်း ကျန်းမာပြီး အန္တရာယ်ကင်းဘေးရှင်းကြပါစေလို့ ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။

Design a site like this with WordPress.com
Get started