
ရှောင်ရန်
❌ ဆေးလိပ်ဖြတ်ပါ။
❌ အရက်ဖြတ်ပါ။
❌ အဝမလွန်အောင် ထိန်းသိမ်းပါ။
❌ စိုးရိမ်ပူပန်မှု၊ စိတ်သောကဖိစီးမှုမှန်သမျှ လျှော့ချပါ။
❌ အဆီအအိမ့်များသောအစားအစာများဖြစ်သည့် ဝက်သား၊ ထောပတ်၊ မလိုင်၊ ပြည့်ဝဆီ ပါဝင်မှုများသော စားအုန်းဆီနှင့် ပြောင်းလဲဆီ(Trans fat) ပါဝင်သော ဆီကြော်မုန့်မျိုးစုံတို့ကို ရှောင်ပါ။
❌ အငန်ဓာတ်များသောအစားအစာများဖြစ်သည့် ငါးပိရည်၊ ငံပြာရည်၊ ငါးပိကြော်၊ ငါးခြောက်၊
ဆားနယ်ထားသောအစားအစာများ၊ အိမ်သုံးဆား၊ လျက်ဆားနှင့်အချိုမှုန့်စသည်တို့ကို ရှောင်ပါ။
❌ ဆော်ဒါနှင့်ပြုလုပ်ထားသောခေါက်ဆွဲ၊ အီကြာကွေး၊ ပဲပြုတ်၊ ဘိန်းမုန့်၊ ကိတ်မုန့် စသည်တို့ကို ရှောင်ပါ။
❌ ဝမ်းမချုပ်အောင် နေထိုင်ပါ။
ဆောင်ရန်
✅ နေ့စဉ်နံနက်တိုင်း မိနစ်(၃၀) ခန့်လမ်းလျှောက်ပါ။ အသက်ရှုလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။ Taichi, Yoga, Pilate လုပ်နိုင်သည်။
✅ ညအိပ်ယာဝင်ခါနီး မိနစ်(၃၀) ခန့် တရားထိုင်ပါ။
ဖြစ်နိုင်လျှင် တောင်ဘက်အရပ်ကိုခေါင်းထား အိပ်ပါ
။ ခန္ဓာကိုယ်တွင်း သံလိုက်စက်ကွင်းနှောင့်ယှက်မှုများနှင့် အတတ်နိုင်ဆုံးကင်းဝေးအောင် နေထိုင်ပါ။
✅ Magnesium ဓာတ်ပါဝင်သောအမျှင်ဓာတ်(Fiber) များဖြစ်သည့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်၊ ကင်ပွန်းချဉ်ရွက် စသည့် ဟင်းသီးဟင်းရွက်စိမ်း (Vegetable) များကို နေ့စဉ် စားသုံးပါ။
✅ Vitamin C ကြွယ်ဝသော အရည်ရွှမ်းသည့် လိမ္မော်သီး၊ ကမ္ဗလာသီး၊ နာနတ်သီး၊ ပန်းသီး၊ သံပုရာသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး စသော သစ်သီးတစ်မျိုး နေ့စဉ် စားသုံးပါ။
✅ Potassium ကြွယ်ဝသော အုန်းစိမ်းရည်ကိုသောက်ပါ။ ငှက်ပျောသီးစားပါ။
✅ မိုနိုဆီပါဝင်သော နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့၊ သစ်ကြားသီးစသည့် အခွံမာအသီးများကိုမကြာခဏစားပါ။
✅ အိုမီဂါ-၃ အဆီဓာတ်ပါဝင်သော ငါးမြင်း၊ ငါးကြင်း၊ ငါးတန်စသည့်ရေချိုငါးမျိုးစုံ တစ်ပတ်နှစ်ကြိမ် စားပါ။
✅ သွေးတွင်းရှိ ကိုလက်စထရော (Cholesterol) ကို ချပေးနိုင်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းတို့ကို များများ စားသုံးပါ။
✅ အဆီနည်းပြီး ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝသော (Low fat, high calcium) နွားနို့သောက်ပါ။
✅ ဘဝကိုပျော်ရွှင် ကျန်းမာအောင် လေ့ကျင့် နေထိုင်ပါ။
(လက်ကမ်းစာစောင် တစ်ခုမှ ဆီလျှော်အောင် ကူးယူထားဖော်ပြခြင်းဖြစ်ပါသည်)